မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မင်္ဂလာတောင်ညွန့်  စက်တင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာစာရေးဆရာမမေ(ရန်ကုန်)က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်မြတ်မြတ်အေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကောင်းဇံက လူငယ်အားကစားနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၃၄)ယဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်အောင်ထွန်းက ယာဉ်အန္တရာယ်ကင်းဝေးစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ မြို့နယ်အားကစားဦးစီးမှူးဦးမိုး ကျော်ကျော်က အားကစားပစ္စည်းများကို အ.ထ.က(၁)ကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့၍ ကျောင်းတာဝန်ခံဆရာမ ဒေါ်ဦးတင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး FitnessDance အကနှင့် မြန်မာသိုင်းအကတို့ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်၊ စာစောင်ပြပွဲများကို‌ ကျောင်းသား၊‌ ကျောင်းသူများကစိ တ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

မြတ်မြတ်အေး(ပြန်/ဆက်)