မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင််ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှ အထယုအုပ်စုကျအဖွဲ့(၂)မှ ဘိုးဒေါနကုန်းဘုန်းကြီးကျောင်းတိုက် အဖွဲ့(၃)မှ ညောင်နှစ်ပင်ဘုန်းတော်ကြီးကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦးနှင့် အဖွဲ့ဝင် ဦးကျော်ဇောဦး အတွင်းရေးမှူး ဒေါ်တင်ဇာလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာမှ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် လက်​တွေ့စမ်းသပ်သရုပ်ပြရာ၌ မဲဆန္ဒရှင်ပြည်သူများအား MEVM စက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအအစဉ်တွင် အဖွဲ့(၁)မှ ဦးကျော်သိန်းစိုး၊ အဖွဲ့(၂)မှ ဦးဌေးကြွယ်၊ အဖွဲ့(၃)မှ မြို့နယ်ဒု/လဝကမှူး ဦးသန်းထွန်းအောင်တို့က အသီးသီးအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်ဇောဦးက မဲပေးစက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦး၊ အဖွဲ့ဝင်ဦးကျော်ဇောဦး၊ ဒုလဝကမှူး ဦးသန်းထွန်းအောင်၊ ဒုလဝကမှူး ဦးဆွေလှိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ တာဝန်ရှိသူများက ဦးဆောင်၍ ညောင်နှစ်ပင်ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မှော်ဘီမြို့နယ်ရှိ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)အုပ်စုတို့၌ ဆက်လက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)