ရန်ကင်း စက်တင်ဘာ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်အတွင်းရှိ Stream Line ကိုယ်ပိုင်ကျောင်းရှိကျောင်းသား/သူများကို DTကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က Stream Lineကျောင်းအရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းအတွင်းရှိ အသက် (၅) နှစ်မှ (၇) နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား DT (ဆုံဆို့မေးခိုင်ကာကွယ်ဆေး) ထိုးနှံပေးခြင်းအားလည်းကောင်း၊ အသက်(၉)နှစ်မှ(၁၀)နှစ် အတွင်းကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြပြီး သားအိမ်ခေါင်းကင်ဆာရောဂါနှင့်ပတ်သတ်၍ အသိပညာပေးရှင်းလင်းပြောကြားခြင်းအား တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး (ပြန်ဆက်)