သာကေတမြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်ကျင်းပ

သာကေတ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝိဟာရဗဟိုရ်ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်မှ (၁၂:၀၀)အချိန်ထိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား MEVMမဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်မှ အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်ဒေါ်မို့မို့ဝါ (မြို့နယ်ဥပဒေအရာရှိ)မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးပြောကြားပြီး၊ မြို့နယ်ထွေ/အုပ်၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်မှ MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ကာ မဲဆန္ဒရှင်ပြည်သူ(၁၅၈၁)ဦးက စမ်းသပ်မဲပေးဆောင်ရွက်နေစဥ်အတွင်း ရင်း(၁၀)မှ ဗိုလ်မြင့်အုန်းဦးစီး(၁+၄)ဦး၊ သာကေတမြို့နယ်၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ်သန့်စင်ဦး ဦးစီး(၁+၃)ဦး၊ (၁၀)တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး ဦးစီးပသလခရ(၁၀)ဦးနှင့် (၇)အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေး ဦးစီးပသလခရ(၁၀)ဦးနှင့် ၁၀/​မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်ဦးစီး ပသလခရ(၁၀)ဦးတို့မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့၀င်ဗိုလ်မှူး သူရိန်ဇော်နှင့် ဒေါ်မို့မို့ဝါ(မြို့နယ်ဥပဒေအရာရှိ)၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းနှင့် ဦးစန်းမြင့်ထွန်း၊ မြို့နယ် MEVM စက်နည်းပြဆရာများ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၁၅၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရရှိသည်။

သဲထက်ဇင်(ပြန်/ဆက်)