ပြည်ကြီးတံခွန် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာအ.ထ.က (ခွဲ) လ-၂၅ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် Mobile library ကားဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို နံနက် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀) နာရီက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library ကားတွင် သုတ/ရသ စာအုပ်ပေါင်း (၁၈၀၀) ကျော်ရှိပြီး ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် ယင်းမီးသတ်ဦးစီးဌာနနှင့် အ.ထ.က (ခွဲ) လ-၂၅ကျောင်းရှိ မီးသတ်ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများကို စာစောင်များ ငှားရမ်းပေးခြင်းများ အခမဲ့ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ငှားရမ်းပေးထားသည့် စာအုပ်များကို နှစ်ပတ်လျှင်တစ်ကြိမ် အခမဲ့လှယ်လဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းမောင်