ကျောက်ဆည် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မိသားစုအပိုဝင်မှစီးပွားဖြစ် ဝင်ငွေရရှိရေး လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်နွယ်နီအောင်က ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများ တတ်မြောက်ပြီး ကိုယ်ပိုင်စီးပွားရေးထူထောင်၍ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိစေပြီး စီးပွားဖြစ်လုပ်ငန်းများလုပ်ကိုင်နိုင်ရေး လူသုံးကုန်ပစ္စည်ထုတ်လုပ်မှု နည်းပညာများ သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝခေါင်းလျှော်ရည် ပြုလုပ်နည်းများ စာတွေ့လက်တွေ့ သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာ (၂၄) ရက်မှ (၂၅) ရက်နေ့အထိ (၂) ရက်အကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)