မိတ္ထီလာ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအား စက်တင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြို့ရီနှင့် ဝန်ထမ်းများက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ Myanmar Net အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှုမရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
၎င်းနောက် Ocean Wave အင်တာနက်ဝန်ဆောင်မှု၊ Telecom (Mytel) အင်တာနက်ဝန်ဆောင်မှုနှင့် Yadancrpon Teleport အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)