ပြည်ကြီးတံခွန်မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID) ကတ် ပြုလုပ်ပေး

ပြည်ကြီးတံခွန် စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈) ရန်-မန်းလမ်း‌ပေါ်ရှိ ရွာလယ်အခြေခံဘာသာရေးအဆောက်အဦးတွင် စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID)ကတ် ပြည်သူများအား ပြုလုပ်ပေးခဲ့သည်။

အဆိုပါ ပြုလုပ်ပေးရာတွင် အသက် (၁၈) နှစ်ပြည့် ဥပ​ဒေအရ နိုင်ငံသားများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း Biometric (UID) ရိုက်ကူး​ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယင်းအခမ်းအနားသို့ ခရိုင် လဝကဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဝင်းအောင်မျိုး၊ ဒုရဲမှူးမြင့်​ဆွေ၊ ဦးသောင်းနိုင်၊ ဥပဒေအရာရှိ ဦးရန်လင်းအောင်၊ စီမံကိန်းဦးစီးမှူး ​ဒေါ်​အေး​အေးသိန်းတို့က လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။