ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများ တိုက်ဆိုင်စိစစ်ခြင်း ဆောင်ရွက်

နောင်ချို စက်တင်ဘာ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သွားမည့်ကိုယ်စားလှယ်လောင်းများ၏ တင်သွင်းလွှာများအား တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (ယာယီရုံးခန်း) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။       

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘိုးရီနှင့် အတွင်းရေးမှူး ဦးဝင်းအောင်တို့က စိစစ်ရမည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ကြမည်ဖြစ်ကြောင်း စိစစ်လွှာတွင် ပါရှိရမည့်အချက်အလက်များ ဖြည့်သွင်းရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများအား ရွေးကောက်ပွဲကိုယ်စားလှယ်ရှေ့၌ စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)