မိုးနဲမြို့၌ ဓာတ်မြေဩဇာရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းနှင့် ရောင်ချခြင်း ရှိ/မရှိ စစ်ဆေး

မိုးနဲ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ယူရီးယားမြေဩဇာ၀ယ်ယူဖြန့်ဖြူး ရောင်းချရေးနှင့်စပ်လျဉ်း၍ မြို့နယ်များအတွင်းရှိ ကုမ္ပဏီများ၊ အရောင်းဆိုင်မျာအား  ရည်ညွှန်းဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း မှန်ကန်စွာရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်း ကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)