ကျောက်ဆည် စက်တင်ဘာ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရွာပုလဲကျေးရွာ၌ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်း ဒေါ်စန်းစန်းဌေး(နေလသုခ-၂) စားသုံးဆီလက်လီ/လက်ကားရောင်းဝယ်ရေးဆိုင်မှ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဝယ်ယူသည့် ပြည်သူများ အခက်အခဲမရှိစေရေး အိမ်ထောင်စုမိသားစုတိုင်းအား ဆီဝယ်ခွင့်စာအုပ်များပြုလုပ်ပေးပြီး စုအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် (၁)ပိဿာလျင် ငွေ(၇၇၂၀)ကျပ်ဖြင့် ဆီပိဿာချိန် (၃၃၀)ပိဿာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှသိရသည်။
သက်မောင်(ကျောက်ဆည်)