ကလော စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားပင်စင်များ လာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာ ထုတ်ယူနိုင်ရေးကို အစဉ်အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘပင်စင်စားကိုယ်တိုင် မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်မှတဆင့် ထုတ်ယူနိုင်ပြီး လက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှထုတ်ယူရန် ပိုမိုအဆင်ပြေမည့် မိမိနှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်း သိရသည်။
ထိုသို့ ကလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လာရောက်ထုတ်ယူကြသည့် သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား ကလောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသက်လှိုင်နှင့် အဖွဲ့ဝင်များက အာဟာရမုန့်နှင့် ကော်ဖီတို့ကို ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)