ညောင်ဦး စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် တတိယအကြိမ်မြောက် မိုးရာသီ မန်ကျည်းပင်စုပေါင်းစိုက်ပျိုးပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဒေသမျိုးရင်း မန်ကျည်းပင်များစိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ ၊ပုဂံရှေးဟောင်းသုတေသနပြတိုက် ဝန်းအတွင်း ပျိုးထောင်ထားသည့် ဒေသမျိုးရင်းဖြစ်သည့် တစ်နှစ်ခွဲသားအရွယ်၊ တစ်ပေခွဲ ခန့်ရှိ မန်ကျည်းပျိုးပင် (၁၀၀၀၀) အနက်၊ မန်ကျည်းပျိုးပင် (၂၂၅၀) ပင်တို့အား ညောင်ဦး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များကြီးကြပ်မှုဖြင့် ရွှေစည်းခုံဘုရားတွင် ၂၀၀ ပင်၊ ထီးလိုမင်းလိုဘုရားတွင် ၁၅၀ ပင်၊ အာနန္ဒာဘုရားတွင် ၂၀၀ ပင်၊ ကန်တော့ပလ္လင်ဘုရားတွင် ၄၀၀ ပင်၊ ဗူးဘုရားတွင် ၂၀၀ ပင်၊ လောကနန္ဒာဘုရားတွင် ၁၅၀ ပင်၊ ဓမ္မရာဇကဘုရားတွင် ၂၀၀ ပင်၊ တုရင်တောင်ဘုရားသွားလမ်းဘေးဝဲယာတွင် ၄၀၀ ပင်၊ ပြဿာဒ်ကြီးဘုရားတွင် ၅၀ ပင်၊ ဓမ္မရံကြီးဘုရားတွင် ၅၀ ပင်၊ ငှက်ပစ်တောင်ဘုရားတွင် ၅၀ ပင်၊ စူဠာမဏိဘုရားတွင် ၅၀ ပင်၊ ရွှေဆံတော်ဘုရားတွင် ၅၀ ပင်နှင့်အလိုတော်ပြည့်ဘုရားတွင် ၁၀၀ ပင်တို့အား ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း (၇၀၀) ဦး၊ သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့ဝင်များနှင့်ဘုရားဈေးသည် (၅၀၀) ဦးတို့ဖြင့် ဖြန့်ခွဲ၍ နေရာ (၁၄) နေရာတွင် ဒေသမျိုးရင်း မန်ကျည်းပျိုးပင် (၂၂၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဒီပါလင်း