တောင်ကြီး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတို့က ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံံရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းမှသည် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေးဆီသို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးသားယှဉ်ပြိုင် ဖြေဆိုခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)