ကလောမြို့၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ လျှော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်၊ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ည‌နေ ၂ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မြို့ပေါ်ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေစန္ဒာမိုးက တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများလျှော့ချသုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့‌နောက် ပလပ်စတစ်စွန့်ပစ်ပစ္စည်းအန္တရာယ်ဆိုင်ရာ Video Clip ပြသခဲ့ပြီးအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများအားပလတ်စတစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)