မိုးနဲ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင်ထွက်နှုန်း ရရှိရေးစံပြ စိုက်ခင်း သုံးဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက နားလင်းကျေးရွာ၊ မြို့ဝင်ကြာဖူးအနီး ကွင်းအမှတ်(၃၆) တောင်သူ ဦးစိုင်းမာလာ ၏လယ်မြေတွင် တောင်သူများနှင့်အတူ စိုက်ပျိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက် ပေးလျက်ရှိပြီး စပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေး၊စပါးဖျက် ပိုးမွှားအန္တရာယ် စနစ်တကျ ကာကွယ် နှိမ်နင်းရေးတို့အတွက် တောင်သူပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်မိုးစပါး ၁၁၀၇၆ လျာထားပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)