အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ ရွှေအင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမဌာန စံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံ

ညောင်ရွှေ စက်တင်ဘာ ၂၄

အစဉ်အလာအရ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူတို့သည် ကျေးပေါခုံဌာနစံကျောင်း တော်တွင် တစ်ညတာကိန်းဝပ်ပူဇော်ခံပြီးနောက် ယမန်နေ့နံနက်(၈)နာရီခွဲတွင် ရွှေအင်းတိန်စံကျောင်းတော်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ပင့်ဆောင်၍ ခေတ္တရပ်နားပူဇော်ခံခဲ့သည်။

နေ့ဆွမ်းဆက်ကပ်ပြီးနောက် မွန်းလွဲ(၂)နာရီခွဲတွင် ဒေသထုံးတမ်းအစဉ်အလာများနှင့်အညီ တာဝန်ရှိသူများဦးဆောင်၍ ရွှေအင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမဌာန စံကျောင်းတော်သို့ ဆက်လက်ကြွချီပြီး နှစ်ညတာကိန်းဝပ်ပူဇော်ခံလျက်ရှိကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် လာမည့်သီတင်း ကျွတ်လဆန်း(၄)ရက် စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ဟဲယာရွာမစံကျောင်း တော်မှ ငါးဖယ်ချောင်းဒေသစံကျောင်းတော်သို့ ဆက်လက်ကြွချီ၍ တစ်ညတာကိန်းဝပ်ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ