ပင်လောင်းမြို့နယ်တွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပင်လောင်း စက်တင်ဘာ ၂၄

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးအတွက် ပင်လောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှမြင့်က သမဝါယမ၏ လုပ်ငန်းပိုင်းဆိုင်ရာအကြောင်းကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းအေးလှိုင်က မွေးမြူရေးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိရိစ္ဆာန်များမှဖြစ်ပေါ်တတ်သည့် ရောဂါလက္ခာဏာများနှင့်ပတ်သက်သည့် ကုသရေးဆိုင်ရာများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပင်လောင်းကြီးကျေးရွာအုပ်စု လွယ်မွန်းခမ်း လယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ ပင်လောင်းကြီးကျေးရွာနှင့် နမ့်ပါကျေးရွာ ကျေးရွာချင်းဆက်လမ်း ပေ ၉၀၀ (ကွန်ဂရက်) လမ်းခင်းကျင်းနိုင်ရေးအတွက် ငွေကျပ်(၁၀)သိန်းကို အသင်းဥက္ကဋ္ဌ ဦးစိုင်းတင်ထွန်းက ပေးအပ်လှူဒါန်းရာ ကျေးရွာတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)