မြန်မာနိုင်ငံကြက်ခြေနီအသင်းက သာစည်မြို့နယ် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေပေးအပ်

သာစည် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးငလျင်ကြီးဘေး တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးပံ့ပိုးမှုအစီအစဉ်ဖြင့် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၃ ရက်က အမှတ်(၇)ရပ်ကွက် နဘဲရွှေထီးဘုရားဝင်း၌ ပြုလုပ်သည်။

ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပံ့ပိုးငွေ များပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများနှင့်သာစည်မြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များ ပူးပေါင်း၍ သာစည် မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀၀  ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်