ကျောက်ဆည် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) အကောင်အထည်ပူးပေါင်းပါဝင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဌ ဦးထိုက်ထိုက်ဇော်က ခေတ်မီစံပြကျေးရွာထူထောင်ရေး အကောင်အထည်ဖော်ဆောင်ရာတွင် စီမံကိန်းလုပ်ငန်းများ အကျိုးထိရောက်မှုရှိစေရန်နှင့် မြန်ဆန်လွယ်ကူလျင်မြန်စေရန်၊ ကဏ္ဍကြီး (၆) ရပ်အား ဦးဆောင်ဌာနများ၊ ဆက်စပ်ဦးစီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လမ်းညွှန်ထားရှိမှုများကို ဟံမြင့်မိုရ်ကျေးရွာ ကော်မတီအဖွဲ့အစည်းများမှ ကျေးရွာလိုအပ်ချက်များ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာအုပ်စု၊ ဟံမြင့်မိုရ်ကျေးရွာအား ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဦးစီးဌာနများမှ စံပြကျေးရွာထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများအကြောင်း အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်
သက်မောင်(ကျောက်ဆည်)