မိတ္ထီလာ စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို အမှတ် (၃၅) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မြင့်ထွန်း၊ ဒုတိယရဲမှူး မျိုးအောင်၊ တပ်ဖွဲ့ခွဲမှူး၏ ဇနီး ဒေါ်ဝင်းစုစုစံတို့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များက ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိက ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ခေါက်ဆွဲကြော်၊ အားဖြည့်အချိုရည်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းအပြင် ဒုတိယရဲမှူး မြင့်ထွန်း၊ တပ်ဖွဲ့ခွဲမှူး၏ ဇနီး ဒေါ်ဝင်းစုစုစံတို့က တစ်ဦးလျှင် ကြက်ဥ ၁၀ လုံး၊ Royal D တစ်ဗူးစီနှင့် ကိန့်မုန့်တစ်ထုပ်တို့အား ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲတွင် အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၂၆ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၁၂ ဦးတို့က ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)