လဲချား စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်(၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးနန်းတင့်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ နိုင်ငံဝန်ထမ်း (အငြိမ်းစား) ပင်စင်စားမိဘပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုတိုင်းတာစစ်ဆေးပေးခြင်းနှင့်အတူ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် စားသောက်ကုန်ဖြစ်သည့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။
(အငြိမ်းစား)ပင်စင်စား မိဘများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)