ပူတာအိုမြို့နယ် မူလာအွန်ကျေးရွာ​၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် အသိပညာပေးလုပ်ငန်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်

ပူတာအို စက်တင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္က ဦးစိုးထွန်းနှင့်အတူ စက်တင်ဘာ(၂၂)ရက် နံနက်(၉)နာရီက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာအုပ်စုမူလာအွန်ကျေးရွာ ချမ်းသာဘက်စုံသုံးခန်းမဆောင်၌ ဇီအွန်ကျေးရွာနှင့် မူလာအွန်ကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့်နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးပုံမဲပေးနည်း၊ လွတ်တော်အသီးသီးခင်းကျင်း၍ အဆင့်ဆင့်မဲပေးပုံများကို အသိပညာပေးဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်တော်အလိုက်အဆင့် ဆင့်မဲပေးနေမှုများကို ကြည့်ရှုအားပေး၍ မဲပေးပုံမဲပေးနည်းလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ ဂန်လန်ရာဇီဧည့်ရိပ်သာ၌ ၂၀၂၅ခုစ် ပါဒီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထိန်းသိမ်းမှုများအား စစ်ဆေးကြပ်မတ်ခဲ့ပြီး ပူတာအိုမြို့ အ.ထ.က(ပူတာအို)ကျောင်း အောင်ဆန်းခန်းမ၌ ၂၀၂၅-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးမည့် အသက်(၁၈) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀)ဦးအား မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)