မြစ်သား စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလအတွက် ပင်စင်လစာငွေများကို စက်တင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို နေ့စဥ်တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှစ၍ နေ့စဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ဘဏ်ဖွင့်ချိန်တွင် အငြိမ်းစားပင်စင်စားများလာရောက်ထုတ်ယူ လျက်ရှိသည်။ဆက်လက်၍ ပင်စင်လစာငွေများ ထုတ်ယူရာတွင် ယခုလ စက်တင်ဘာ (၂၂) မှ စက်တင်ဘာ (၂၄) နေ့အထိ ရက်များတွင် အငြိမ်းစားပင်စင်စားများအား နံနက် (၅) နာရီမှစ၍ ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရက်များတွင် နိုင်ငံ့ဝန်ထမ်းလစာထုတ်ပေးသည့် Pay Day စက်တင်ဘာ (၃၀) ရက်နေ့ထိ နေ့စဥ်နံနက် (၆) နာရီမှ စ၍ထုတ်ပေးသွားမည်ဖြစ်သည်။
ထိုနောက် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)