မချမ်းဘော စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးက မြတ်ဆရာခေါင်းစဥ်ဖြင့် လည်းကောင်း၊ ကဗျာရေးစပ်ပြိုင်ပွဲကို အလယ်တန်းအဆင်းကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့က ထာဝရအလင်းရှင်ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ဆရာများနေ့အခမ်းအနား၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို စာဖတ်ရှိန်မြှင့်တင်လာစေရန်၊ မြန်မာစာအရေးအသား တိုးတက်လာစေရန်နှင့် အထိမ်းအမှတ်နေ့များကို တန်ဖိုးထားလေးစားတတ်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယောရွှေနီ