ညောင်ဦး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဋ္ဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ကို ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းက သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိ ပညာပေးအစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက အသိပညာပေးအစီအစဉ်များနှင့် လက်တွေ့ရှင်းလင်းပြသမှုများကို ကြည့်ရူအားပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ လက်တွေ့ပါဝင်သရုပ်ပြမှုများအား ကြည့်ရှုခဲ့ကြသည်။
ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း