မြစ်သား စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် နည်းပညာများ တိုးတက်လာသောခေတ်နှင့်အညီ အီလက်ထရောနစ်မဲပေးစက်များ အသုံးခြင်းအားဖြင့် လွတ်လပ်၍တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြသပေးခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်ပြသရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲဓာတ်ပုံများ၊ မဲပေးစက်အသုံးပြုပုံ၊ မဲပေးပုံအဆင့်ဆင့် စသည့် အကြောင်းအရာများကို ပြသခဲ့ပြီး မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)