နေပြည်တော် စက်တင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ငါးသေတ္တာ၊ သကြား၊ အားဖြည့်အချိုရည်နှင့် ခြင်ဆေးဘူးများကို ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ခုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကုသမှုဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် သစ်သီးခြင်းလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းခန့်ဇော်(ပျဉ်းမနား)