ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

ပြည်ကြီးတံခွန် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ စာကြည့်တိုက် Mobile library ကားဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် (၁၁) နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ တိုင်းဒေသကြီးစီမံကိန်းရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library ကားတွင် သုတ/ ရသစာအုပ်ပေါင်း (၁၈၀၀) ကျော်ရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် ယင်းရုံးရှိ ဌာနဆိုင်ရာဝန်ထမ်းများကို စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငှားရမ်းပေးထားသည့် စာအုပ်များကို နှစ်ပတ်လျှင်တစ်ကြိမ် အခမဲ့လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်