မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မိတ္ထီလာ စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၅ သန်းနှင့် ကျေးရွာသူ၊ ရွာသားများမှ လုပ်အား၊ ပစ္စည်းများ ပူးပေါင်းပါဝင်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်လမ်းများအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာအုပ်စု ရွာသာကျေးရွာ၊ မြောက်လည်ကျေးရွာအုပ်စု အိုးအိုင့်ကုန်းကျေးရွာ၊ မြာကျေးရွာအုပ်စု ရေဝေကျေးရွာ၊ အလည်ရွာကျေးရွာအုပ်စု အလည်ရွာကျေးရွာ၊ မလှိုင်မြို့နယ် ကုန်းတဲကျေးရွာအုပ်စု ကုန်းတဲ (တ) ကျေးရွာ၊ သာစည်မြို့နယ် ကုက္ကိုကန်ကျေးရွာအုပ်စု ကုက္ကိုကန်ကျေးရွာ၊ မကျီးကန်ကျေးရွာအုပ်စု ဆံမြိတ်ရှည်ကျေးရွာနှင့်ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာအုပ်စု ဆုံကုန်းကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)