ပြင်ဦးလွင်မြို့နယ်  အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့‌နံနက် (၉) နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင် မြန်မာစာပေယဥ်‌ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံ‌တော်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟော‌ပြောဆွေးနွေးချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/  ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး မေးမြန်းချက်များ ပြန်လည်ဖြေကြား‌ပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်း ပြသ‌ပေးသည်။ အဆိုပါ အသိပညာ‌ပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)