ရန်ကုန် စက်တင်ဘာ ၂၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစိမ်းစိမ့်က ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်နှီးမှုရှိစေရန် စာကြည့်တိုက်မှ အသိပညာ ဗဟုသုတများရရှိသည့် နေရာဖြစ်ပါကြောင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ကပ္ပတိန်သာစိန်ရေးသားသည့် “ဘဝခရီးသွား လူငယ်များသို့” စာအုပ်ဖြင့် ဖတ်ရှုပြောပြခဲ့သည်။
ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက သန်လျင်ခရိုင်၊ ပြန်ကြားရေးနှင့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြတိုက်ငယ် ( Mini Museum)တွင်ပါရှိသည့် ခရိုင်အတွင်းရှိအထင်ကရ မှတ်တမ်း၊ ရှေ့ဟောင်းသမိုင်းဝင်မှတ်တမ်း၊ မြို့နယ်အတွင်းရှိ တက္ကသိုလ်မှတ်တမ်း၊ ဖွံ့ဖြိုးတိုးတက်လာသော အိမ်ရာစီမံကိန်းများ မှတ်တမ်းများ၊ ဒေသထွက်လက်မှုပစ္စည်းများအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)