ကျိုက်မရော စက်တင်ဘာ ၂၃
ကျိုက်မရောမြို့နယ်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ဘုရားကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် အဘိဓမ္မာ ၇ ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဘုရားကြီး ကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဒစရိယ ဒေါက်တာ ဘဒန္တဝါရီန္ဒသဒ္ဓမ္မဇောတိကဓဇ ကမြတ်စွာ ဘုရားရှင်အား ပင့်လျှောက်ကာ ရှစ်ပါးသီလချီးမြှင့်ပေးပြီး ကြွရောက်တော်မူသော ရဟန်း သံဃာတော်များက အဘိဓမ္မာ(၇)ကျမ်း အမေးအဖြေများပြုလုပ်ကာ ပဠာန်းတရားတော် များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက်စေတနာရှင်အလှူရှင်များက သံဃာတော် များထံ နဝကမ္မ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ (၁၇)ရက်တိုင် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ချိူမြတ်မြတ်ထွေး