ကျိုက္ခမီမြို့ ဆု​တောင်းပြည့်ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး စည်ကားသိုက်မြိုက်စွာကျင်းပမည်

သံဖြူဇရပ် စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲ​တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ သာသနာ့ဗိမာန်​တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့ပြီး၊ ကျိုက္ခမီဆု​တောင်းပြည့်​ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာ​တော်ထိန်း​​​ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်သန်းက သဘာပတိအဖြစ်​ဆောင်ရွက်ပြီး   အဖွင့်အမှာစကား​ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က ဆု​တောင်းပြည့်​ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီးစည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး အမှာစကား​ပြောကြားသည်။  ​

ထို့​နောက်တက်​ရောက်လာကြသည့်​ကော်မတီများကလည်း လုံခြုံ​ရေးဆိုင်ရာ လုပ်ငန်းများစီမံ​ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုတင်ပြ​ဆွေး​နွေးရာတာဝန်ရှိသူ တို့က လုပ်ငန်းအလိုက်တင်ပြ​ချက်များအ​ပေါ် ပြန်လည်​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သည်။ ကျိုက္ခမီမြို့ဆု​တောင်းပြည့် ​ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲ​တော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်​ကျော် ၅ ရက်​နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)