မော်လမြိုင် စက်တင်ဘာ ၂၃
၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူ ဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သတင်းရဲတပ်ဖွဲ့ အမှတ်(၁၁)တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ခင်မောင်လှဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် များမှ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)