မော်လမြိုင် စက်တင်ဘာ ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စပ်တင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကြီးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်မောင်က စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပပြုလုပ်ရာတွင် ပညာရေးဌာနအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းကူညီဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီဆောင်ရွက်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပြုလုပ်သွားမည့် အစီအမံများ၊ အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ ပူးပေါင်း၍ ပြခန်းများပြသ ဆောက်ရွက်ရန်ဖျော်ဖြေရေး အစီအစဥ်များတွင် ပါဝင်ပေးကြရန်နှင့် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီများ လုပ်ငန်းကော်မတီများဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများက ပါဝင်ဆောင်ရွက်ပေးကြရမည့် လုပ်ငန်းကဏ္ဌများအလိုက် ဖြည့်စွက်ဆွေးနွေးအကြံပြုပေးခဲ့သည်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလတွင် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် စကားရည်လု၊ ကျပန်း၊ ကဗျာ၊ ပုံပြင်၊ ပန်းချီပြိုင်ပွဲများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ အသိပညာပေးပြခန်းများ၊ ဖန်တီးဆန်းသစ်ပညညခေတ်ပြခန်း၊ MSME ပြခန်းများ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)