သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

သံဖြူဇရပ် စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာ​ရေးဌာနတို့ပူးပေါင်း၍ စာ​ဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ ​သု​တေသီ-​ဇေယျာမြင့်ထွန်း ရေးသားသည့် “အမျိုးကောင်းသား သား​ကောင်းရတနာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်​သင်းသင်း​မော်က စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် ပြင်ပစာပေ၊ ဗဟုသုတများကို လေ့လာဖတ်ရှုစေ​ရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ​​ကျောင်းသား၊ ကျောင်းသူများက “အမျိုး​ကောင်းသား သား​ကောင်းရတနာ”စာအုပ်မှ​ကျောင်းသားလူငယ်နှင့်ပညာ​ရေး၊ ကျောင်းသား လူငယ်နှင့်အကျင့်စာရိတ္တ၊ လူငယ်လူရွယ်နှင့်မိတ်​ကောင်း​ဆွေ​ကောင်း၊ လူငယ်လူရွယ်နှင့်ဝတ်စားဆင်ယင်မှုစသည့် အကြောင်း အရာများကို ​ကျောင်းသူ ၄ ဦးတို့က ကဏ္ဍအလိုက် အသီးသီးဦး​ဆောင်ဆွေးနွေးခဲ့ကြပြီး တက်‌ရောက်လာသည့် ​ကျောင်းသား၊ ​ကျောင်းသူများက စာအုပ်ပါအ​ကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)