မိုင်းယောင်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ အ.လ.က-ခွဲ(ဝမ်ကောင်း)၌ ယနေ့နံနက် ၉ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ”အကြောင်းကို ဦးဆောင်ဆွေးနွေးသည်။
ထို့နောက် Grade-9 မှ ကျောင်းသူများက ကလေးအလုပ်သမား၏အဓိပ္ပာယ်နှင့် ကလေးအလုပ်သမား၏ အသက်အရွယ်အကြောင်း၊ “သင့်ကြောင့်”အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်နှင့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များအကြောင်းတို့ကို ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း