ခိုလမ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(ခလရ၆၆)တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်ပန်းအင်ကြင်းမှ အကြမ်းဖက်မှု၏အဓိပ္ပာယ်များ၊ လူကြီး/လူငယ်မရွေး အကြမ်းဖက်ခံရနိုင်ကြောင်း၊ မိမိကိုယ်ကိုကာကွယ်တတ်စေရန် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုတုရရှိစေရန် ပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
 
    