ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၌ ကျန်းမာရေးအသိပညာ‌ပေး ကွင်းဆင်းဆောင်ရွက်

ကလော စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးအသိပညာ‌ပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာခိုင်စုစုညိမ်းနှင့် ဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးခြင်း၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ ဘေးကင်းသောအစားအစာများစားသောက်ခြင်း၊ အာဟာရမျှတစွာချက်ပြုတ်စားသောက်ခြင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများအကြောင်း၊ ကျားဖြန့်လိမ်လည်ခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ၁၅ နှစ်အောက် သံဃာ‌တော်များအား (JE) ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် (MR) ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ခင်စုစုညိမ်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)