အောင်မြေသာစံမြို့နယ် မြို့ပါတ်လမ်းပေါ်ရှိ နှင်းဆီအိမ်ရာတွင် မူခင်းကျဆင်းရေးအသိပညာပေး ဟောပြော

အောာင်မြေသာစံ စက်တင်ဘာ ၂၃

အောင်မြေသာစံမြို့နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၅) မြို့မရဲစခန်းက ကြီးမှူး၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ၁၄×၁၆လမ်းကြား၊ အကွက် (၈၃) ၊ နှင်းဆီအငှားအိမ်ယာတိုက်ရှိ နှင်းဆီသုခစေတနာ လူမှုကူညီရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အမှတ် (၅) မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းနိုင်၊ နယ်ထိန်းအရာရှိ ဒုရဲအုပ် ရှယ်လိန်းနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သောင်းနှင့်ရာအိမ်မှူးများ၊ ပြည်သူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး စခန်းမှူး ဒုရဲမှူး ဝင်းနိုင်က မူခင်းကျဆင်းရေးလုပ်ငန်းစဉ်များများကိုလည်းကောင်း၊ နယ်ထိန်းအရာရှိ ဒုရဲအုပ် ရှယ်လိန်းက နယ်မြေအတွင်း ဖြစ်ပေါ်လေ့ရှိသော မှုခင်းများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၏ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။

ထို့နောက် တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုရဲမှူး ဝင်းနိုင်နှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)