သုံးခွ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းက လုပ်ငန်းရှင်များအား အခွန်ကဏ္ဍတစ်ရပ်ခြင်းအလိုက် သိကောင်းစရားများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်း စုစုပေါင်း ( ၃၀) ဦး တက်ရောက်ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)