မိုင်းရယ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ၏ ဆိုးကျိုးနှင့် အန္တရာယ်အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် အထွေထွေဗဟုသုတနှင့် ဉာဏ်စမ်းပြိုင်ပွဲကိုကျင်းပရာ အ.လ.ကနှင့် မူလွန်(၁)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)