မော်လမြိုင်မြို့နယ်၌ အခွန်ဥပဒေအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၃

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်အခွန်များဦးစီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အခွန်ဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ဟောပြောပွဲတွင် မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ခင်ခင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာနမွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက အခွန်ဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)