မန္တလေး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး အသင်းတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ရက် နံနက် ၁၀နာရီက မန္တလေးအောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်အုပ်ချုပ်သူ ဦးတင်ထွန်းအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်း(ဗဟို)အတွင်းရေးမှူး ဦးမြင့်သန်းနှင့်အဖွဲ့ဝင်များ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်းမှ ဒေါ်ခင်မေပိုင်က မူးယစ်သမိုင်းကြောင်း၊ ဦးမြင့်သန်းက မူးယစ်ဆေးဝါအမျိုးအစားအကြောင်း၊ ဦးသန့်ဇင်ဦးက မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း ဟောပြောကြသည်။ ယင်းနောက် ဒေါ်သင်းသင်းဦးက ကျောင်းသား၊ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို မေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သည့်ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်များချီးမြှင့်ပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)