ညောင်ဦး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ပြိုင်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ က အမှာစကား ပြောကြားသည်။ ဆက်လက်၍ အားကစားသမားများ သစ္စာအဓိဌာန်ရွတ်ဆိုကြကာ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့ ကျောင်းသားကျောင်းသူများ၊ အေရိုးဗစ်ကျောင်းသူလေးများမှ ကပြဖျော်ဖြေကြကာ အလွတ်တန်းဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း