ပေါင် စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သဲဖြူကုန်းကျေးရွာအုပ်စုရှိ နတ်စင်ကုန်း-ကန်ဖြူကျေးရွာချင်းဆက် လမ်းဘေးဝဲယာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ သဲဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့်ရပ်မိရပ်ဖများက ယနေ့နံနက်ပိုင်းက စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မန်ဂျန်ရှား (၁၀၀) ပင်၊ စိန်ပန်း (၁၀၀) ပင်၊ စုစုပေါင်းပျိုးပင် (၂၀၀)အား စိုက်ပျိုးခဲ့ကြသည်။ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ရေရှားပါးခြင်းအပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျေးရွာချင်းဆက်လမ်းများအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)