မှော်ဘီ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ လုပ်ငန်းအဖွဲ့မှဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှမှော်ဘီ ရှိတပ်(၁၀)တပ်နှင့်အဖွဲ့(၂)မှ ဆပ်သွားတော ကျေးရွာအုပ်စုဆပ်သွား တောဘုန်းကြီးကျောင်းတို့၌လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေး အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိအကြီးကဲများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မီးသတ်ဦးစီးနှင့်အဖွဲ့များ၊ မြို့စည်ပင်သာယာမှအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် လက်တွေ့စမ်းသပ်သရုပ်ပြရာ၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)စက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအအစဉ်တွင် အဖွဲ့(၁)မှ ဦးကျော်သိန်းစိုးအဖွဲ့(၂)မှ ဦးဌေးကြွယ်တို့က အသီးသီးအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ပြုလုပ်ရခြင်း၊ မဲပေးစက်နှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရှိ အကြီးအကဲမျာနှင့်အဖွဲ့(၁) ဦးကျော်သိန်းစိုးအဖွဲ့(၂) ဦးဌေးကြွယ်တို့က ဦးဆောင်၍ ဆပ်သွားတောကျေးရွာရှိ မဲဆန္ဒရှင် ပြည်သူများနှင့်တပ် (၁၀)တပ်ရှိပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက လိုလိုလားလားစိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်