မူဆယ်မြို့တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေး

မူဆယ် စက်တင်ဘာ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇာနည်မြင့်ထွန်းက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင်စနစ်တကျ မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းခဲ့သည်။ ယင်းနောက် တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးတွင် ကိုယ်တိုင်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ခရိုင်ဆင့်/ မြို့နယ်ဆင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရက်ကွက်နေမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)