နောင်ချို စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှလဝကမှူး ဦးဆောင်၍ ယမန်နေ့က အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းပန်းခင်းစီမံချက်အဆင့်(၃) ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးသက်မြင့်ဦး ဦးဆောင်သော ဝန်ထမ်းများက ကန်ကြီးကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၀ နှစ်ပြည့် ကျား ၅ ဦး၊ မ ၆ ဦး၊ အသက် ၁၈ နှစ်ပြည့်ကျား ၁၂ ဦး၊ မ ၁၇ ဦး စုစုပေါင်း(၄၀)ဦးတို့အား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)